မင်္ဂလာပါ... လာလည်တဲ့အတွက် ကျေးဇူးပါ..

Sunday, February 19, 2012

စားကြပါဦး(၂)


ပိန္ဒဲသီးဟင်း
သူများချက်တာစားကောင်းလို့ချက်လိုက်တာတော်တော်ကြာကြာချက်ရတယ်နူးအောင်လို့
ချက်နည်းကတော့ဆီသတ်ပြီးတခြားအသီးအရွက်တွေလိုပါပဲ။သူကတော့ရေစင်အောင်စိမ်ထားရတယ်။

မရမ်းသီးငပိကြော်
ပုစွန်ခြောက်ညက်အောင်ထောင်းကြက်သွန်နီဖြူထောင်းငရုတ်သီးပွတောင့်ကိုမညက်တညက်ထောင်းပြီးမရမ်းသီးလေးတွေပါးပါးလှီး
အရင်ဆုံးဆီဆူတာနဲ့ငရုတ်သီးထည့်နောက်မျှင်ငပိနဲ့ပုစွန်ခြောက်ကြက်သွန်ဖြူထည့်ပြီးမှမရမ်းသီးထည့်ရင်ပြီးပါပြီရှင်

ငါးကလေးဟင်း
ဈေးထဲကဘာငါးလဲတော့မသိဘူး အဟီး။သူကအကြေးခွံကဓါးပါးလေးနဲ့နဲနဲရှင်းလိုက်ရင်ရတယ်သိပ်လဲမညှီဘူး
ငါးကိုသန့်ရှင်းဆား၊ကြက်သားမှုန့်နယ်၊ပြီးရင်အရင်ကြော်ထားတယ်၊နောက်မှဆီသတ်ရင်းကြက်သွန်ဖြူနီရုတ်သီးထည့်၊နံနံပင်ကအိမ်ကကိုယ်တော်ကြိုက်လို့ကျွန်မက
မကြိုက်ဘူးဒါကြောင့်ဆီသတ်တဲ့အထဲနွမ်းအောင်လုပ်လိုက်တယ်နောက်ငါးထည့်ရေအနဲငယ်ထည့်ပြီးရင်စားလို့ရပါပြီ

ဝက်သားဟင်း
ဝက်သားကိုဆား၊နနွင်း၊ကြက်သားမှုန့်နယ်ပြီးပြုတ်ထားတယ်။နောက်ဆီသတ်ထည့်ခရမ်းချည်သီးထည့်ငပိနဲနဲထည့်ပြီးနူးအောင်တည်ပါတယ်
ဒီနေ့အရည်ဟင်းမရှိလို့ဆီကျန်ရေကျန်ချက်လိုက်တယ်

ပဲကြီးဆီပြန်
ပဲကြီးလေးတွေကိုရေစိမ်ပြီးညှစ်ပါ။ညှစ်ပြီးသားလဲရောင်းပါတယ်။နူးရင်ဆီသတ်ပါ။ဆီသတ်ရင်ကျွန်မကတော့ဂျင်းပါထည့်တယ်ပဲဟင်းတွေကဂျင်းပါထည့်မှပိုမွှေးသလိုမို့။ဒါကတော့ဆီပြန်အခြောက်ကလေးပေါ့နော်

သရက်သီးထောင်း
သရက်သီးကိုအရင်ကထောင်းမစားဖူးပါဘူးမစုဗူးအိမ်ရဲ့ဘလော့ကဖတ်ပြီးထောင်းကြည့်တာပါ။သရက်သီးကိုအခွံနွှာရေစိမ်ပါ။နောက်ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလှော်ပါ။စစချင်းပုစွန်ခြောက်နဲ့မြေပဲကိုညက်အောင်ထောင်းတယ်။နောက်ကြက်သွန်ဖြူ၊ငရုတ်သီးကိုထောင်း၊ပြီးမှသရက်သီူထည့်ထောင်း။ဆား။ဘာညာထည့်ပြီးရင်စားလို့ရပါပြီရှငါ။ဒါပေမယ့်ကြာရင်ညိုသွားတယ်နော်။

ဒါကတော့အတို့စုံပါ

နေ့လယ်ပျင်းရင်မုန့်စားပါဦးအောက်ကကြံရည်လေးလဲသောက်သွားနော်

No comments:

Post a Comment

My Blog List

My Blog List

Contributors