မင်္ဂလာပါ... လာလည်တဲ့အတွက် ကျေးဇူးပါ..

Thursday, February 9, 2012

ဆေးလဲအစာ၊ အစာလဲဆေး(၂)

စပျစ်ဝိုင် နုပျိုစေသည်။ သွေးတွင်းအဆီဓာတ်နှင့် သေးချိန်ကျဆင်းစေ၍ နှလုံးရောဂါနှင့် သွေးတိုးရောဂါအတွက် အလွန်ကောင်းသည်။ မုန်လာဥနီ မျက်စိအတွက် အလွန်ကောင်းသည်။ ဆံပင် သန်စေသည်။ အသားအရေ စိုပြည်စေသည်။ ကလေးအတွက် အအေးမိခြင်းနှင့် အဆုတ်ရောင်ခြင်းမှ ကာကွယ်သည်။ လက်ဖက်ခြောက် (Green Tea) ကင်ဆာ၊ သွေးလွှတ်ကြော မာကျောခြင်းမှ ကာကွယ်သည်။ စိတ်လက်ပေါ့ပါးစေသည်။ သွားခိုင်စေသည်။ (ပလုတ်ကျင်း) ကြက်ဟင်းခါးသီး ဆီးချိုအတွက် အလွန်ကောင်းသည်။ တရုတ်နံနံပင် သွေးတိုးအတွက် အလွန်ကောင်းသည်။ ဒိန်ချဉ် ရောဂါဖြစ်ပွားစေသော ပိုးမွှားကို သုတ်သင်နိုင်၍ ရောဂါအရနည်းစေသည်။ ကယ်လ်စီယမ်ဓာတ် ဖြည့်ဆည်းပေးသည်။ ရေယုန်ပျောက်စေသည်။ ကွေကာအုပ် ကော်လက်စထရော မြင့်မားခြင်း၊ သွေးတိုး၊ သွေးပျစ်ခဲခြင်း လျော့စေသည်။ ကြက်သွန်ဖြူ သွေးတိုး၊ ဆီးချိုအတွက် အထူးကောင်းသည်။ ၀မ်းပျော့စေသည်။ အူမကြီးကို လှုပ်ရှားစေသဖြင့် ၀မ်းသွားစေသည်။ ကင်ဆာရောဂါ အထူးကာကွယ်နိုင်စွမ်း ရှိသည်။ ပိုးသတ်သည်။ သွေးတွင်း အဆီဓာတ် ကျဆင်းစေ၍ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ ကာကွယ်သည်။ ကုသသည်။ ကြွက်နားရွက်မှို သွေးကျဲစေ၍ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါအတွက် အထူးကောင်းမွန်သည်။ သွက်ချက်ပါဒဖြစ်ခြင်းမှ ကာကွယ်သည်။ စိမ်းပြာရေညှိ အာဟာရဓာတ် အထူးပြည့်စုံ၍ အထူးစားသင့်သည်။ ဆီးချိုသမား အထူးမှီဝဲရန်။ သွေးချို၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ် ကျဆင်းစေ၍ သွေးကြောဆိုင်ရာ ရောဂါများ ကာကွယ်သည်။ ပျောက်ကင်းသည်။ (မြန်မာ့သွေး)

No comments:

Post a Comment

My Blog List

My Blog List

Contributors