မင်္ဂလာပါ... လာလည်တဲ့အတွက် ကျေးဇူးပါ..

Sunday, February 12, 2012

စားကြပါဦး(၂)


ကြက်တုံးကြော်
ကြက်သားကိုစင်အောင်ဆေးဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နယ်ပြီးမီးအေးအေးနဲ့ကြော်လိုက်တာပါ

သီးရွက်စုံကြော်
ကိုယ်ကြိုက်တဲံအရွက်စုံကိုရေစင်အောင်ဆေးပြီးစကာနဲ့စစ်ပါ။ပြီးရင်ကြက်သွန်ဖြူနဲ့အနီကိုပါးပါးလှီး ဆီသတ်ပြီးထည့်လိုက်ပါ။အရွက်ကိုစိမ်းစိမ်းလေးတွေကြိုက် ရင်ရေနဲနဲဖြန်းပြီးနွမ်းတာနဲ့ချလိုက်ပါ။(အရောင်နွမ်းနွမ်းကြိုက်ရင်ကြာကြာထားပါ)

မရမ်းသီးထောင်း
ငပိကိုမီးနဲ့ကင်ပါ(ခုတော့ရယ်ဒီမိတ်ပဲသုံးထားတာပါ)
ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုမီးအေးအေးနဲ့လှော်ပါ။လှော်ပြီးရင်ပုစွန်ခြောက်နဲ့ငရုတ်သီးလှော်ပြီးသားတွေထောင်းညက်ရင်ငပိထည့်ပြီးရင်မရမ်းသီးထောင်းထည့်ပါ။

ဝက်အာလူးဟင်း
ဝက်သားကိုစင်အောင်ဆေးပြီးဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်နယ်ပါ
ပြီးရင်ဆီကျက်တာနဲ့ကြက်သွန်ဖြူနီဂျင်းထောင်းပြီးသားကိုဆီသတ်ပါ(ငရုတ်သီးအပွတောင့်ကိုပါထောင်းထားပါတယ်အရောင်တင်မှုန့်မသုံးချင်လို့ပါ)
ဝက်သားကိုလုံးရေခန်းအောင်တည်ပါ။ပြီးရင်အာလူးလေးစိတ်စိတ်ပြီးသားကိုပါအိုးထဲထည့်ပါ။ပြီးရင်ရေထည့်ပြီးအာလူးနူးရင်ချလို့ရပါပြီ

ပုစွန်ဆိတ်ဟင်း
ပုစွန်လေးတွေကိုခေါင်းချိုးပြီးရေစင်အောင်ဆေးပါ။ကျန်တာကတော့ဆီသတ်ြ့ပီးထုံးစံအတိုင်းပါပဲ
ငါးခူကအရင်ထဲကကြော်ပြီးသာါး။ရေဆေးပြီးဆားနယ်ပြီးရင်ဆီများများနဲ့ကြော်ပါ။(ငါးခူကချွဲလို့မန်ကျည်းသီး(သို့)သံပရာသီးနဲ့ဆေးပါတယ်
ငရုတ်သီးကိုမညက်တညက်ထောင်းပြီးကြက်သွန်ဖြူနီနဲ့ပြန်ကြော်ထားတာပါ
ပဲကြီးဟင်းရည်ကတော့ကုန်သွားမှသတိရလို့မရိုက်လိုက်ရပါဘူး :P

အော်တို့စရာလေးတွေလဲတို့ကြပါဦး

အားလုံးစားပြီးရင်အချိုပွဲအသီးစားကြပါဦးရှင်

No comments:

Post a Comment

My Blog List

My Blog List

Contributors