မင်္ဂလာပါ... လာလည်တဲ့အတွက် ကျေးဇူးပါ..

Thursday, February 9, 2012

ဆေးလဲအစာ၊ အစာလဲဆေး

ပဲပုပ်ပဲ ခန္ဓာကိုယ်အတွက် ပရိုတိန်းဓာတ် အထူးဖြည့်ဆည်းပေးသည်။ ကင်ဆာ ကာကွယ်သည်။ ရင်သားကင်ဆာ ကာကွယ်သည်။ စအိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ သက်သာပျောက်ကင်းစေသည်။ ဒန့်သလွန်သီး ပိုးသတ်သည်။ အာဖရိကမှာ ၎င်းကို ရေသန့်စင်ရာမှာ အသုံးပြုသည်။ မျောက်ဥ၊ အာလူး၊ ကန်စွန်းဥ ရေဓာတ်၊ အချိုဓာတ်နှင့် အဆီဓာတ်ကို စုပ်သဖြင့် ဆီးချိုနှင့် အစာလမ်းကြောင်းကင်ဆာ ပျောက်ကင်းစေသည်။ ပြောင်းဖူး (အရင့်) သွေးတိုးကျစေသည်။ သွေးလွှတ်ကြော ပျော့စေသည်။ ခရမ်းချဉ်သီး ကင်ဆာရောဂါ ကာကွယ်သည်။ သားအိမ်ကင်ဆာနှင့် ပန်ကရိယကင်ဆာ ကာကွယ်သည်။ ငါး အစာကြေလွယ်သည်။ အဆီဓာတ်နည်းသည်။ ငါးကို ပိုမို၍ စားပါ။ ရယ်မောခြင်း ဆေးဘုရင် ဖြစ်သည်။ တန်ဖိုး မဖြတ်နိုင်သော ဆေးတစ်ပါး ဖြစ်သည်။ ဂျင်း လည်ချောင်းနာ သက်သာစေပြီး၊ အစာအိမ် မအီမသာဖြစ်ခြင်းမှ သက်သာစေပါသည်။ စပျစ်သီး အအေးစာ ဖြစ်သည်။ လည်ချောင်းနာ၊ နှာခေါင်းနှင့် လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွားရောဂါ၊ သွေးလွှတ်ကြော မာကျောခြင်း၊ နှာစေးချောင်းဆိုးခြင်းများ သက်သာစေသည်။ ခွဲစိတ်မှုပြုလုပ်ပြီးသူများ အနာကျက်မြန်ခြင်း ဖြစ်စေသည်။ လှချင်သူများသည် စပျစ်သီး စားပေးသင့်သည်။ အသားအရေ လျော့ရဲမှု ကာကွယ်ခြင်းနှင့် ဖြူဖွေးခြင်း ဖြစ်စေသည်။ ရွှေဖရုံသီး အသည်းနှင့် ကျောက်ကပ်၏ ဆဲလ်အသစ်များ ပေါက်ဖွားခြင်းကို အားပေးသည်။ ရွှေဖရုံသီး စားပေးခြင်းဖြင့် ပန်ကရိယက Insulin ထုတ်လွှတ်မှု တိုးပွားနိုင်ပြီး ဆီးချိုရောဂါအတွက် အထူးကောင်းမွန်သည်။ သွေးလွှတ်ကြော မာကြောခြင်းနှင့် ကော်လက်စထရော မြင့်မားခြင်း သက်သာစေသည်။ ဆီးရွှင်စေသဖြင့် ကျောက်ကပ်မှာ ကျောက်တည်ခြင်းနှင့် ဆီးအိမ်မှာ ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်သော ကျောက်ကို အရည်ပျော်ဝင်စေသည်။ အသည်းခြောက်ရောဂါနှင့် ကျောက်ကပ်ရောင်ခြင်းများကို သက်သာစေပါသည်။ (မြန်မာ့သွေး)

No comments:

Post a Comment

My Blog List

My Blog List

Contributors